Hair Queen
Treatment Oil

သဘာ၀ထုတ်ကုန်စစ်စစ်တွေနဲ့ ထုတ်လုပ်ထားသော
ဆံပင်ပေါင်းတင်ဆီ

Hair Queen ကို ဘာလို့ထုတ် ဖြစ်လဲ?

နောင့်ဟွမ် ကိုယ်တိုင် ကိုယ်သောက်နေတဲ့ဆေးကြောင့် ဆံပင်တွေ အရမ်းကျွတ်တဲ့ဝေဒနာ ခံစားနေရသူပါ။ ဒီကြားထဲ ဆံပင်ကောက်လိုက်၊ဖြောင့်လိုက် ဆေးခဏခဏဆိုးတတ်တာကြောင့် ဆံပင်အရမ်းကျွတ်ပြီး ဦးရေပြားမြင်ရတဲ့ထိ ပါးခဲ့ဖူးပါတယ်။

ဆံပင်အတွက် ကောင်းနိုးရာရာဆီတွေကို ဝယ်လိမ်းကြည့်ဖူးတယ်။ ကိုယ့်အတွက်ထူးခြား လာတာမျိုးမရှိတာကြောင့် တိုင်းရင်းဆေးဆရာမပီပီ ဆံသားအတွက်အဆင်ပြေမယ့် ဆီကို ကိုယ်တိုင်ဖော်စပ်အသုံးပြုခဲ့တယ်။ တနှစ်ကျော်ကြာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရတယ်။

စိတ်ကျေနပ်တဲ့အဆင့်ရောက်ချိန်မှာ ကိုယ်တိုင်လဲသုံးတယ်။ အသိမိတ်ဆွေတွေကိုလဲ စမ်းသုံးကြည့်ဖို့ လက်ဆောင်ပေးခဲ့တယ်။

နောင့်ဟွမ်ကိုယ်တိုင်ရော မိတ်ဆွေတွေဆီကပါ စိတ်ကြိုက်ရလဒ်ရခဲ့ပြီဆိုမှသာ စျေးကွက်ထဲဖြန့်ခဲ့ပါတယ်။

ပါဝင်ပစ္စည်းများ နှင့် အာနိသင်

အဆီအနှစ်ကျကျ ချက်ထားပြီး အချိုးကျကျ တိုင်းရင်းဆေးနည်းပညာအရ သေချာ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အဆီဖြစ်တယ်။

အဆီတခုချင်းမှာ ဆံသားအတွက်သာမက ဦးရေပြားမှာလိုအပ်သော အာဟာရဓာတ်ကိုပါ ဖြည့်စွမ်းပေးနိုင်ပါတယ်။

Hair Queen ကို ဘယ်လိုအသုံးပြုရမလဲ?

ခေါင်းမလျှော်ခင် ပုလင်းပါအစက်ချတံနဲ့ ဦးရေပြားထဲထိ စိမ့်ဝင်အောင် အစက်ချပြီး သေချာပွတ်လိမ်းပေးရပါမယ်။

5-10 min လောက်ပွတ်လိမ်းပြီး ပေးထားသောခေါင်းစွပ် (shower cap) နဲ့ 45 min ခန့် အုပ်ထားပေးရပါ မယ်
45 min ခန့်ပြည့်ပါက ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ရင် ရပါပြီ။

မှတ်ချက် ။  ။ 45 min ထက်ကျော်လွန်ပြီးထားလဲ ရပါတယ်။

 

Hair Queen သုံးတဲ့အချိန် ဘယ်လိုခံစားရလဲ?

အဆီအစက်ချတဲ့ ချိန်ဦးရေပြားက အေးမြပြီး ဦးရေပြားယားယံတာကို သက်သာစေမယ်.. ဆီလိမ်းပြီး ပေါင်းထားတယ်ဆိုပေမဲ့ ခေါင်းတခါလျှော်ချရုံဖြင့် ဆီစင်ပါတယ်ရှင့်။ 

ခေါင်းလျှော်ပြီးတဲ့ အချိန်မှာ နူးညံ့အိစင်းသောဆံသားကို ရရှိစေမှာပါရှင့်။

 

Hair Queen ကို ဘယ်လိုလူတွေသုံးသင့်လဲ?

1. ဦးရေပြားအားနည်းသူ

2. ဆံပင်အရမ်းကျွတ်သူ

3. ဆံပင်ပြန်ထွက်နှုန်းနှေးတဲ့သူ

4. ဆံပင်ရှည်မြန်ချင်တဲ့သူ

5. ဦးရေပြားယားတဲ့သူ

6. ဗောက်ထတတ်သူ 

7. ဆေးခဏခဏဆိုးပြီး ဆံသားပျက်စီးနေတဲ့သူ 

8. ဆံပင်အုံထူချင်တဲ့သူ

9. ဆံသား အရမ်းခြောက်တဲ့သူ

10. ဆံသား weight ရှိချင်တဲ့သူ 

Customer Reviews